ဖိလေမုန်သြဝါဒစာ
နိဒါန်း
ဖိလေမုန်သည်ထင်ပေါ်သောခရစ်ယာန်တစ်ဦး ဖြစ်သည်။ ကောလောသဲအသင်းတော်ဝင်တစ်ဦး ဖြစ်ဖွယ်ရာရှိသည်။ သူသည်ကျွန်ဖြစ်သူသြနေ သိမ်ကိုပိုင်သောသခင်ဖြစ်သည်။ သြနေသိမ်သည် မိမိသခင်ထံမှထွက်ပြေးကာ အကျဉ်းခံနေ ရသောရှင်ပေါလုနှင့်ဆက်သွယ်မိသည်။ ရှင် ပေါလု၏ဆောင်ရွက်မှုကြောင့်သြနေသိမ်သည် ခရစ်ယာန်ဖြစ်လာလေသည်။ ဖိလေမုန် သြဝါဒစာတွင် ရှင်ပေါလုသည်မိမိပြန် ပို့သောသြနေသိမ်ကိုပြန်လည်လက်ခံရန် လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရသောကျွန် အဖြစ်နှင့်သာမက ခရစ်ယာန်ညီအစ်ကို တစ်ယောက်အဖြစ်နှင့်လည်းလက်ခံရန် လည်းကောင်း ဖိလေမုန်အားမေတ္တာရပ်ခံ ပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁-၃
ဖိလေမုန်ကိုချီးကူးခြင်း ၄-၇
သြနေသိမ်အတွက်မေတ္တာရပ်ခံခြင်း ၈-၂၂
နိဂုံး ၂၃-၂၅
1
1 ခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းရွက် သည့်အတွက်ကြောင့် အကျဉ်းခံနေရသူငါ ပေါလုနှင့်ငါတို့၏ညီတိမောသေထံမှ ငါ တို့ချစ်သောလုပ်ဖော်ဆောင်ဘက်ဖိလေမုန်ထံ သို့လည်းကောင်း၊- 2 ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်စစ်သည်တော် အာခိပ္ပုနှင့် သင်၏အိမ်တွင်စုဝေးသည့်အသင်း တော်ဝင်တို့ထံသို့လည်းကောင်းစာရေးလိုက် ပါသည်။✡ ကော၊ ၄:၁၇။
3 ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့အားလုံးခံစားရကြပါစေ သော။
ဖိလေမုန်၏မေတ္တာနှင့်ယုံကြည်ခြင်း
4-5 ငါ့ညီဖိလေမုန်၊ ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့အားသင်ချစ်ခင်ပုံ၊ သခင်ယေရှုကို သင်ယုံကြည်ပုံကိုကြားသိရသဖြင့် ငါသည် ဆုတောင်းပတ္ထနာပြုသည့်အခါတိုင်း သင့်ကို အကြောင်းပြု၍ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။- 6 ယုံကြည်သူများဖြစ်ကြသောသင်နှင့်ငါတို့ သည် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းအား ဖြင့် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါတို့ခံစားရသည့်ကောင်းချီးမင်္ဂလာအပေါင်း ကိုပိုမိုနက်နဲစွာသိရှိနားလည်နိုင်ကြရန် ငါဆုတောင်း၏။- 7 ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။
သြနေသိမ်အတွက်မေတ္တာရပ်ခံခြင်း
8-9 ဤအကြောင်းကြောင့်ငါသည်ခရစ်တော်၌ညီ အစ်ကိုချင်းအနေဖြင့် သင်ပြုသင့်သည့်အမှု အရာကိုပြုရန်အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည်သင့်ကိုချစ်သော ကြောင့်သင့်အားမေတ္တာရပ်ခံပါ၏။ ခရစ်တော် ယေရှု၏သံတမန်ဖြစ်သူ၊ ယခုအခါခရစ် တော်ယေရှုအတွက်အကျဉ်းခံနေရသူငါ ပေါလုသည်သင့်အားမေတ္တာရပ်ခံပါ၏။- 10 ငါအကျဉ်းခံလျက်နေရစဉ်အခါ၌ခရစ် တော်၌ ငါ၏သားဖြစ်လာသူသြနေသိမ်အတွက် မေတ္တာရပ်ခံပါ၏။-✡ ကော၊ ၄:၉။ 11 သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့ သော်လည်း ယခုအခါသင်၏အတွက်နှင့်ငါ၏ အတွက်ပါအသုံးဝင်လာလေပြီ။- 12 ငါသည်ငါ၏ရင်သွေးကိုသင်၏ထံသို့ပြန်၍ စေလွှတ်လိုက်ပါ၏။- 13 ငါသည်သတင်းကောင်းကိုဟောပြောကြေညာ မှုကြောင့် အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စားငါ့အားကူညီစေရန်သူ့ကို ခေါ်ထားလိုပါသည်။- 14 သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။
15 သြနေသိမ်သည်သင်နှင့်အစဉ်ပြန်လည်နေထိုင် နိုင်ရန် သင်နှင့်ခေတ္တမျှခွဲခွာရခြင်းဖြစ်တန်ရာ၏။- 16 ယခုအခါသူသည်ကျွန်မျှသာမဟုတ်တော့ဘဲ ခရစ်တော်၌ချစ်သောညီအစ်ကိုဖြစ်လာပေပြီ။ သူသည်ငါ၏အတွက်အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင်သင်၏အတွက်ကျွန်အနေနှင့်လည်း ကောင်း၊ သခင်ဘုရား၌ညီအစ်ကိုအနေနှင့် လည်းကောင်းများစွာပို၍ပင်တန်ဖိုးရှိမည်။
17 သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။- 18 အကယ်၍သူသည်သင့်အားတစ်စုံတစ်ရာ ပြစ်မှားမိခဲ့သော်လည်းကောင်း၊ တစ်စုံတစ်ရာ ပေးဆပ်စရာရှိခဲ့သော်လည်းကောင်း ငါ တာဝန်ယူပါမည်။- 19 ``ငါပေါလုသည်ထိုအကြွေးကို ပေးဆပ်ပါ မည်'' ဟူ၍ ငါကိုယ်တိုင်လက်မှတ်ရေးထိုးပါ၏။ (သင့်ကိုယ်တိုင်ပင်လျှင် သင်၏ဘဝသစ်အတွက် ငါ့အားပေးဆပ်စရာရှိကြောင်း ဖော်ပြရန် မလိုပါ။-) 20 သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။
21 သင်သည်ငါမေတ္တာရပ်ခံသည့်အတိုင်းပြုလုပ် လိမ့်မည်ဟုစိတ်ချယုံကြည်လျက် ဤစာကိုရေး လိုက်၏။ အမှန်စင်စစ်ထိုထက်ပင်ပို၍ပြုလုပ် လိမ့်မည်ကိုငါသိပါ၏။- 22 ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။
နောက်ဆုံးနှုတ်ဆက်ခြင်း
23 ခရစ်တော်ယေရှုအတွက်ကြောင့်ငါနှင့်အတူ အကျဉ်းခံရသူဧပဖြကလည်းကောင်း၊-✡ ကော၊ ၁:၇၊ ၄:၁၂။ 24 ငါ၏လုပ်ဖော်ဆောင်ဘက်များဖြစ်ကြသည့် မာကု၊ အာရိတ္တခု၊ ဒေမနှင့်လုကာတို့က လည်းကောင်းသင့်ကိုနှုတ်ဆက်ကြ၏။-✡ တ၊ ၁၂:၁၂၊၂၅၊ ၁၃:၁၃၊ ၁၅:၃၇-၃၉၊ ၁၉:၂၉၊ ၂၇:၂။ ကော၊ ၄:၁၀၊၁၄။ ၂တိ၊ ၄:၁၀၊၁၁။ 25 သခင်ယေရှုခရစ်၏ကျေးဇူးတော်ကိုသင် တို့အားလုံးခံစားရကြပါစေသော။ ဖိလေမုန်သြဝါဒစာပြီး၏။