9
အာရုန်ယဇ်ပူဇော်ခြင်း
1 သိက္ခာတင်မင်္ဂလာပြီးဆုံးသောနေ့၌ မောရှေ သည်အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်တို့အားဆင့်ခေါ် လေသည်။- 2 ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။- 3-4 ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။
5 ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။- 6 ထိုအခါမောရှေက``သင်တို့သည်ထာဝရ ဘုရား၏ဘုန်းအသရေတော်ကိုဖူးမြင်ရ စေခြင်းငှာ ကိုယ်တော်သည်သင်တို့အားဤ အမှုခပ်သိမ်းကိုဆောင်ရွက်ရန်မိန့်တော်မူ ပြီ'' ဟုဆိုလေသည်။- 7 ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။✡ ဟေဗြဲ၊ ၇:၂၇။
8 ထိုအခါအာရုန်သည်ယဇ်ပလ္လင်သို့သွား၍ မိမိ၏အပြစ်ဖြေရာယဇ်ဖြစ်သောနွား ပျိုကိုသတ်လေသည်။- 9 သူ၏သားတို့သည်သူထံသို့သွေးအနည်း ငယ်ကိုယူလာသဖြင့် သူသည်သွေးထဲသို့ လက်ချောင်းကိုနှစ်၍ ယဇ်ပလ္လင်ထောင့်အတက် များကိုသွေးဖြင့်သုတ်လေသည်။ သူသည် ကျန်သောသွေးကိုယဇ်ပလ္လင်အောက်ခြေ တွင်သွန်းလောင်းလေသည်။- 10 ထိုနောက်သူသည်ထာဝရဘုရားက မောရှေ အားမိန့်မှာတော်မူသည့်အတိုင်း နွား၏အဆီ ကျောက်ကပ်များနှင့်အသည်းမှအကောင်းဆုံး အပိုင်းကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်လေ သည်။- 11 သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။
12 ထိုနောက်သူသည်မိမိအတွက် မီးရှို့ရာယဇ် ကောင်ကိုသတ်လေသည်။ သူ၏သားတို့ကသူ ထံသို့သွေးအနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ်ပလ္လင်လေးဘက်အပေါ်သို့ သွေးကိုပက်ဖျန်းလေသည်။- 13 တစ်ဖန်သူတို့သည်နွား၏ဦးခေါင်းနှင့်အခြား သောအသားတစ် အပိုင်းများကိုသူ့အားပေး အပ်သဖြင့် သူသည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်လေသည်။- 14 ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။
15 ထို့နောက်သူသည်လူများအတွက် ပူဇော် သကာကိုဆက်သလေသည်။ သူသည်လူများ အတွက်အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်ကို ယူ၍သတ်ပြီးလျှင် မိမိအတွက်အပြစ်ဖြေ ရာယဇ်ကိုပူဇော်သည့်နည်းအတိုင်းဆိတ်ကို ပူဇော်လေသည်။- 16 မီးရှို့ရာယဇ်ကိုလည်းယူခဲ့ပြီးလျှင် ပြဋ္ဌာန်း ထားသောနည်းအတိုင်းမီးရှို့ပူဇော်လေသည်။- 17 ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-) 18 သူသည်လူများအတွက်မိတ်သဟာယယဇ် ဖြစ်သော နွားထီးနှင့်သိုးထီးကိုလည်းသတ် လေသည်။ သူ၏သားတို့သည်သူ့ထံသို့သွေး အနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ် ပလ္လင်လေးဘက်ပေါ်သို့သွေးကိုပက်ဖျန်း သည်။-✡ ဝတ်၊ ၃:၁-၁၁။ 19 သို့ရာတွင်နွားနှင့်သိုး၏ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆီ၊ အဆီပိုင်းများ၊ ကျောက် ကပ်များနှင့်အသည်းမှအကောင်းဆုံးအပိုင်း တို့ကို၊- 20 အာရုန်သည်နွားနှင့်သိုးတို့၏ရင်ဒူးများ အပေါ်တွင် အဆီပိုင်းများကိုယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်၏။- 21 သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
22 အာရုန်သည်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာ ယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်သည့် အမှုကိစ္စအားလုံးကိုဆောင်ရွက်ပြီးစီး သောအခါ မိမိ၏လက်များကိုမြှောက် လျက်လူတို့အားကောင်းချီးပေးပြီးလျှင် ယဇ်ပလ္လင်ပေါ်မှဆင်းလာလေသည်။-✡ တော၊ ၆:၂၂-၂၆။ 23 မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်ကြ၏။ ပြန်၍ ထွက်လာကြသောအခါ သူတို့သည်လူတို့ ကိုကောင်းချီးပေးလေသည်။ ထိုအခါလူ အပေါင်းတို့သည် ထာဝရဘုရား၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ရကြ၏။- 24 ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။