7
ယဇ်ပုရောဟိတ်မေလခိဇေဒက်
1 ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။-✡ က၊ ၁၄:၁၇-၂၀။ 2 သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-) 3 သူ၏မိဘဘိုးဘေးတို့အကြောင်းမှတ်တမ်း ကိုလည်းကောင်း၊ သူမွေးဖွားသည့်အကြောင်း နှင့်ကွယ်လွန်သည့်အကြောင်းမှတ်တမ်းတို့ကို လည်းကောင်းမတွေ့ရှိရပေ။ သူသည်ဘုရား သခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ် အရာကိုထာဝစဉ်ရရှိထားသူဖြစ်သတည်း။
4 ငါတို့လူမျိုးတို့၏အဖအာဗြဟံသည်စစ် ပွဲမှ မိမိသိမ်းယူရရှိခဲ့သည့်ဥစ္စာပစ္စည်းများ ၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အားပေး လှူခဲ့သည်ဖြစ်ရာယင်းသို့ပေးလှူခြင်းခံရ သူသည်အဘယ်မျှကြီးမြတ်မည်ကိုဆင် ခြင်ကြလော့။- 5 လေဝိအနွယ်ဝင်အနက်ယဇ်ပုရောဟိတ် အရာကိုရရှိကြသောသူတို့သည် အာဗြဟံ မှဆင်းသက်လာသူ မိမိတို့၏သားချင်းများ ဖြစ်သည့်ဣသရေလအမျိုးသားတို့မှ ဆယ်ဖို့ တစ်ဖို့သောအလှူကို ပညတ်တရားအရ ကောက်ယူခွင့်ရှိကြပေသည်။-✡ တော၊ ၁၈:၂၁။ 6 မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။- 7 သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။- 8 ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။- 9 ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။- 10 အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
11 ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။- 12 အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။- 13 ဤအကြောင်းအရာများက ဖော်ပြနေသည့် ငါတို့၏သခင်ဘုရားကား လေဝိအနွယ်ဝင် မဟုတ်။ အခြားတစ်ပါးသောအမျိုးအနွယ် မှဆင်းသက်တော်မူသောသူဖြစ်ပေသည်။ ထို အမျိုးအနွယ်ဝင်တစ်ယောက်မျှယဇ်ပုရော ဟိတ်အဖြစ်မဆောင်ရွက်ခဲ့။- 14 ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။
မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ်
15 မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။- 16 ထိုသူသည်ယဇ်ပုရောဟိတ်အရိုက်အရာကို လူတို့ချမှတ်ထားသည့်စည်းမျဉ်းဥပဒေများ အရခံယူရရှိထားသည်မဟုတ်။ အဘယ် အခါ၌မျှ မကုန်မဆုံးနိုင်သည့်အသက်၏ တန်ခိုးအာနုဘော်အရခံယူရရှိထားခြင်း ဖြစ်၏။- 17 အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``သင် သည်မေလခိဇေဒက်၏အရိုက်အရာကိုဆက် ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုဖော်ပြသောကြောင့်တည်း။-✡ ဆာ၊ ၁၁၀:၄။ 18 ယခင်ပညတ်ဟောင်းသည်အားနည်း၍အကျိုး ကိုမပေးနိုင်သောကြောင့်ပယ်ရှားခြင်းကိုခံရ၏။- 19 မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
20 ထိုမှတစ်ပါးလည်းဘုရားသခင်ကျိန်ဆိုတော် မူချက်ရှိ၏။ ကိုယ်တော်သည်လေဝိအနွယ်ဝင် တို့အား ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားတော်မူ သောအခါ၌ကျိန်ဆိုတော်မူချက်မပါရှိချေ။- 21 သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား
`` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု
ထာဝရဘုရားကျိန်ဆိုတော်မူပြီ။
ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်''
ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။-✡ ဆာ၊ ၁၁၀:၄။ 22 ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။
23 ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။- 24 သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။- 25 သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
26 သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။- 27 ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-✡ ဝတ်၊ ၉:၇။ 28 မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။