33
ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​မော​ရှေ ကောင်း​ချီး​ပေး​ခြင်း
ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။
 
ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။
ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊
ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။
ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော
ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။
မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။
သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကို
ဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။
အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။
ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။
ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​ခေါင်း​ဆောင်​များ စု​ရုံး​လျက်​ရှိ​ကြ​သော​အ​ခါ၊
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ် လာ​တော်​မူ​၏။
 
ထို့​နောက်​မော​ရှေ​က​ရု​ဗင်​အ​နွယ်​ကို ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။
``ရု​ဗင်​အ​နွယ်​သည်​လူ​အင်​အား​နည်း​သော်​လည်း အ​မျိုး​မ​တိမ်​ကော​ပါ​စေ​နှင့်၊''
 
ယု​ဒ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။
``အို ထာ​ဝရ​ဘု​ရား​ယု​ဒ​အ​နွယ်​ဝင်​တို့​အ​ကူ အ​ညီ တောင်း​လျှောက်​သံ​ကို​နား​ညောင်း​တော်​မူ​ပါ။
အ​ခြား​အ​နွယ်​ဝင်​များ​နှင့်​ပြန်​လည် ပေါင်း​စည်း​မိ​စေ​တော်​မူ​ပါ။
အို ထာ​ဝရ​ဘု​ရား၊သူ​တို့​အ​တွက်​တိုက်​ခိုက် တော်​မူ​ပါ။
သူ​တို့​ဘက်​မှ​ရန်​သူ​များ​ကို​တိုက်​ခိုက်​တော် မူ​ပါ။''
 
လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။
``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို
ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့်
သု​မိမ်​နှင့်​ဥ​ရိမ်3 * သု​မိမ်​နှင့်​ဥ​ရိမ်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​သိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​တို့​အ​သုံး​ပြု​သော​အ​ရာ နှစ်​ခု။ မည်​သို့​အ​သုံး​ပြုသည်​ကို​ကား​သေ​ချာ စွာ​မ​သိ​ရ​ပါ။ အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။
ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍
မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။ ထွ၊ ၂၈:၃၀၊ ၁၇:၇။ တော၊ ၂၀:၁၃။
သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကို
ချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။
သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို
လိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။
10 သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား
ပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။
ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။
11 အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။
သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။
သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''
 
12 ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။
``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။
သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''
 
13 ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။
``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊
မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။
14 သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊
ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။
15 သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။
16 မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှ
မိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊
သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။
ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည်
ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။
17 ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။
သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့်
ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။
သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို
မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''
 
18 ဇာ​ဗု​လုန်​နှင့်​ဣသ​ခါ​အ​နွယ်​ကို​ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။
``ဇာ​ဗု​လုန်​အ​နွယ်​သည်​ပင်​လယ်​ခ​ရီး​ဖြင့် ရောင်း​ဝယ်​ဖောက်​ကား​၍​စီး​ပွား​တိုးတက်​ပါ​စေ။
ဣ​သ​ခါ​အ​နွယ်​သည်​မိ​မိ​တို့​နယ်​မြေ​အ​တွင်း​၌ ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​ပါ​စေ။
19 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက်
ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။
သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်း
ဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''
 
20 ဂဒ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။
``ဂဒ်​အ​နွယ်​၏​နယ်​မြေ​ကို​ကျယ်​ဝန်း​စေ​သော ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။
ဂဒ်​အ​နွယ်​သည်​ခြင်္သေ့​သ​ဖွယ်​လက်​မောင်း သို့​မ​ဟုတ် ဦး​ခေါင်း​ခွံ​ကို​ကိုက်​ဖြတ်​ရန်​ချောင်း​နေ​၏။
21 သူ​တို့​သည်​အ​ကောင်း​ဆုံး​နယ်​မြေ​ကို​ရွေး​ယူ ကြ​၏။
ခေါင်း​ဆောင်​အ​နေ​ဖြင့်​ရ​ထိုက်​သော​နယ်​မြေ​ကို သူ​တို့​အား​ခွဲ​ဝေ​ပေး​ကြ​၏။
ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​စု​ရုံး လာ​ကြ​သော​အ​ခါ၊
သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​နှင့် ပ​ညတ်​တော်​များ​ကို​လိုက်​နာ​ကြ​၏။''
 
22 ဒန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ​ဆို​လေ​သည်။
``ဒန်​အ​နွယ်​သည်​ခြင်္သေ့​ပျို​ဖြစ်​၍​ဗာ​ရှန်​ပြည်​မှ ခုန်​ပေါက်​၍​ထွက်​လာ​၏။''
 
23 န​ဿ​လိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။
``န​ဿ​လိ​အ​နွယ်​သည်​ထာ​ဝရ​ဘု​ရား​၏
ကျေး​ဇူး​တော်​ကြောင့်​ကောင်း​ချီး​မင်္ဂ​လာ ကြွယ်​ဝ​စွာ ခံ​စား​ရ​၏။
သူ​တို့​၏​နယ်​မြေ​သည်​ဂါ​လိ​လဲ​အိုင်​မှ တောင်​ဘက်​အ​ထိ​ကျယ်​ဝန်း​၏။''
24 အာ​ရှာ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို လေ​သည်။
``အာ​ရှာ​အ​နွယ်​သည်​အ​ခြား​အ​နွယ်​တို့​ထက် ပို​၍​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​၏။
သူ​သည်​ညီ​အစ်​ကို​ချင်း​တို့​တွင်​မျက်​နှာ ပွင့်​လန်း​ဆုံး​ဖြစ်​ပါ​စေ။
သူ​၏​နယ်​မြေ​တွင်​ဆီ​ထွက်​သော​သံ​လွင်​ပင် မြောက်​မြား​စွာ​ဖြစ်​ထွန်း​ပါ​စေ။
25 သူ​သည်​မြို့​တို့​ကို​သံ​တံ​ခါး​များ​ဖြင့်​ကာ​ကွယ် ပါ​စေ။
သူ​သည်​ထာ​ဝ​စဉ်​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ပါ​စေ။''
 
26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။
ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက်
မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။
27 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။
ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။
ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။
ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။
28 သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊
စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။
29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။
ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။
သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်
သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဋ္ဌား​ဖြစ်​တော် မူ​၏။
သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။
ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။

333:8 * သု​မိမ်​နှင့်​ဥ​ရိမ်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​သိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​တို့​အ​သုံး​ပြု​သော​အ​ရာ နှစ်​ခု။ မည်​သို့​အ​သုံး​ပြုသည်​ကို​ကား​သေ​ချာ စွာ​မ​သိ​ရ​ပါ။

33:8 ထွ၊ ၂၈:၃၀၊ ၁၇:၇။ တော၊ ၂၀:၁၃။