9
အမိန့်တော်ကိုလူတို့မနာခံခြင်း
1 ``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။- 2 လူတို့သည်အရပ်မြင့်၍ခွန်အားဗလကောင်း ၏။ သူတို့သည်အလွန်ထွားကြိုင်းသဖြင့် မည် သူမျှသူတို့ကိုမယှဉ်ပြိုင်နိုင်ကြောင်းသင် တို့ကြားဖူးခဲ့ကြပြီ။- 3 သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
4 ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အရှေ့ကသူတို့ကိုနှင်ထုတ်ပြီးသော အခါ သင်တို့နှင့်ထိုက်တန်သောကြောင့် ထိုပြည် သို့သင်တို့ကိုပို့ဆောင်၍အပိုင်ပေးတော်မူ သည်ဟုမဆိုကြနှင့်။ သူတို့၏ဆိုးယုတ်မှု ကြောင့် ထာဝရဘုရားသည်ထိုသူတို့ကို နှင်ထုတ်မည်ဖြစ်၏။- 5 သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။- 6 သင်တို့နှင့်ထိုက်တန်သဖြင့်ထိုအစာရေစာ ပေါကြွယ်ဝသောပြည်ကို သင်တို့အားထာဝရ ဘုရားပေးတော်မူခြင်းမဟုတ်ကြောင်းသိ မှတ်ကြလော့။ သင်တို့သည်ခေါင်းမာသော လူမျိုးဖြစ်၏။''
7 ``သင်တို့သည်တောကန္တာရ၌ရှိစဉ်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားအား အမျက် တော်ထွက်စေခဲ့ကြောင်းအမြဲသတိရကြ လော့။ သင်တို့သည်အီဂျစ်ပြည်မှထွက်သော နေ့မှစ၍ ဤအရပ်သို့ရောက်သည့်နေ့တိုင်အောင် ကိုယ်တော်ကိုပုန်ကန်ခဲ့ကြ၏။- 8 သိနာတောင်မှာပင်ကိုယ်တော်ကို သင်တို့အား သေကြေပျက်စီးစေလောက်အောင်အမျက် တော်ထွက်စေခဲ့ကြ၏။- 9 ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။-✡ ထွ၊ ၂၄:၁၈။ 10 ထိုနောက်ထာဝရဘုရားသည် ကျောက်ပြားနှစ် ချပ်ကိုငါ့အားပေးတော်မူသည်။ ယင်းကျောက် ပြားများသည်သင်တို့တောင်ခြေတွင်စုရုံး ကြသောနေ့၌ ထာဝရဘုရားမီးထဲမှမိန့် ကြားသောပညတ်တော်များကို မိမိလက်တော် ဖြင့်အက္ခရာတင်ထားသည့်ကျောက်ပြားများ ဖြစ်သည်။- 11 ရက်ပေါင်းလေးဆယ်ပြည့်သောအခါထာဝရ ဘုရားသည် ထိုပဋိညာဉ်ကျောက်ပြားကိုငါ့ အားပေးတော်မူ၏။''
12 ``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။''
13 ``တစ်ဖန်ထာဝရဘုရားက ငါ့အား`သူတို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။- 14 မည်သူမျှသူတို့ကိုသတိမရစေရန် သူ တို့ကိုငါဖျက်ဆီးသုတ်သင်ပစ်မည်ဖြစ်၍ ငါ့ကိုမဆီးတားနှင့်။ ထို့နောက်ငါသည်သင့် အားထိုသူတို့ထက်များပြား၍ အင်အားကြီး သောလူမျိုး၏ဖခင်ဖြစ်စေမည်' ဟုမိန့်တော် မူ၏။''
15 ``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။- 16 သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်မှာသောပညတ်တော်ကိုနားမထောင် ဘဲ သင်တို့ကိုးကွယ်ရန်နွားသူငယ်ရုပ်တုကို သွန်းလုပ်သဖြင့် ထာဝရဘုရားအားပြစ်မှား ကြသည်ကိုငါတွေ့မြင်ရ၏။- 17 ထို့ကြောင့်ငါသည်သင်တို့ရှေ့တွင်ကျောက်ပြား များကိုပစ်ချသဖြင့် ကျောက်ပြားများကျိုး ပဲ့ကြေမွကုန်၏။- 18 သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။- 19 ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။-✡ ဟေဗြဲ၊ ၁၂:၂၁။ 20 ထာဝရဘုရားသည်အာရုန်ကိုလည်းအမျက် တော်ထွက်သဖြင့် အဆုံးစီရင်ရန်အကြံတော် ရှိ၏။ ထို့ကြောင့်ငါသည် အာရုန်အတွက်ကို လည်းတောင်းပန်လျှောက်ထား၏။- 21 ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''
22 ``သင်တို့သည်တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်တို့၌ရှိစဉ်ကလည်း ထာဝရဘုရားအားအမျက်တော်ထွက်စေ ခဲ့ကြသည်။-✡ တော၊ ၁၁:၃။ ထွ၊ ၁၇:၇။ တော၊ ၁၁:၃၄။ 23 ထာဝရဘုရားပေးတော်မူသောပြည်ကို သွားရောက်သိမ်းယူရန် သင်တို့အားကာဒေရှ ဗာနာအရပ်မှစေလွှတ်သောအခါ သင်တို့ သည်ပုန်ကန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ အမိန့်တော်ကိုနာမခံကြ။-✡ တော၊ ၁၃:၁၇။ တရား၊ ၁:၂၁။ တော၊ ၁၃:၃၁။ တရား၊ ၁:၂၆။ ဟေဗြဲ၊ ၃:၁၆။ 24 သင်တို့သည်ငါစတင်သိကျွမ်းသည့်အချိန်မှ စ၍ ယနေ့အထိထာဝရဘုရားကိုပုန်ကန် ခဲ့ကြ၏။''
25 ``ထာဝရဘုရားသည် သင်တို့အားသုတ်သင်ဖျက် ဆီးမည်ဖြစ်သောကြောင့် ငါသည်ရက်ပေါင်းလေး ဆယ်ပတ်လုံး ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ် လျက်နေခဲ့၏။- 26 ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။- 27 ကိုယ်တော်၏အစေခံများဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့သတိရတော် မူ၍ ဤလူမျိုးတော်၏ခေါင်းမာမှု၊ မိုက်မဲမှု၊ အပြစ်ကူးလွန်မှုတို့ကိုသည်းခံတော်မူပါ။- 28 သို့မဟုတ်လျှင်အီဂျစ်အမျိုးသားတို့က ကိုယ် တော်သည်သူတို့အားကတိထားတော်မူသော ပြည်သို့ပို့ဆောင်နိုင်စွမ်းမရှိဟုဆိုကြပါ လိမ့်မည်။ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုး တော်ကိုမုန်းသောကြောင့် သတ်ပစ်ရန်တော ကန္တာရသို့ထုတ်ဆောင်ခဲ့သည်ဟုလည်းဆို ကြပါလိမ့်မည်။- 29 စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''