ဋ္ဌမ္မရာဇဝင်တတိယစောင်
နိဒါန်း
ဋ္ဌမ္မရာဇဝင်တတိယစောင်သည်ပထမစောင် နှင့်ဒုတိယစောင်တို့တွင် မှတ်တမ်းတင်ခဲ့သော ဣသရေလအမျိုးသားတို့၏ဘုရင်များ သမိုင်း၏အဆက်ဖြစ်သည်။ ဤကျမ်းကိုသုံး ပိုင်းခွဲခြားနိုင်သည်။ ၁။ ရှောလမုန်သည် ဣသရေလပြည်နှင့်ယုဒ ပြည်တို့၏ထီးနန်းကို ဆက်ခံစိုးစံခြင်းနှင့် ခမည်းတော်ဒါဝိဒ်ဘုရင်အနိစ္စရောက်ခြင်း။ ၂။ ရှောလမုန်ဘုရင်၏နန်းသက်နှင့်ဆောင်ရွက် ချက်များ။ ယေရုရှလင်မြို့တွင်ဗိမာန်တော် တည်ဆောက်ခြင်းမှာအထူးမှတ်သားဖွယ် ကောင်း၏။ ၃။ နိုင်ငံကိုမြောက်ပိုင်းနိုင်ငံနှင့်တောင်ပိုင်း နိုင်ငံဟူ၍နှစ်ပိုင်းကွဲပြားပိုင်းခြားခြင်းနှင့် ခရစ်တော်မပေါ်မီရာစုအလယ်ခေတ်အထိ ထိုနိုင်ငံများကိုအုပ်ချုပ်သောဘုရင်များ အကြောင်း။
ဋ္ဌမ္မရာဇဝင်တတိယစောင်နှင့်စတုတ္ထစောင် တို့တွင် အုပ်စိုးသောဘုရင်တစ်ပါးစီအား ဝေဖန်သုံးသပ်ရာတွင် ဘုရားသခင်အား သစ္စာစောင့်သည်မစောင့်သည်အပေါ်၌အခြေ ခံ၍အကဲဖြတ်သည်။ သစ္စာစောင့်သောအား ဖြင့်နိုင်ငံသည်သာယာဖွံ့ဖြိုးရကြောင်း၊ ရုပ်တု ကိုးကွယ်လျက်ပညတ်တော်များကိုမလိုက် နာသောအားဖြင့်နိုင်ငံသည်ပျက်စီးရကြောင်း တင်ပြသည်။ မြောက်ပိုင်းနိုင်ငံတွင်အုပ်စိုးရ သောဘုရင်အားလုံးပင် ဘုရားသခင်အား သစ္စာမစောင့်ကြကြောင်းကိုလည်းကောင်း၊ ယုဒ နိုင်ငံတွင်အုပ်စိုးသောဘုရင်တို့တွင် သစ္စာ စောင့်သူနှင့်သစ္စာဖောက်သူများရောပြွမ်း လျက်ရှိကြောင်းကိုလည်းကောင်းမှတ်တမ်း တင်ထားသည်။
ဋ္ဌမ္မရာဇဝင်တတိယစောင်တွင်ပေါ်လွင်သော တင်ပြချက်မှာ ထာဝရဘုရား၏ပရောဖက် များအကြောင်းဖြစ်သည်။ ထိုသူတို့ကားရုပ်တု ကိုးကွယ်မှုကိုစွန့်ပယ်ရန်နှင့်ဘုရားသခင်၏ အမိန့်တော်ကိုနာခံရန်လူတို့အား သတ္တိရှိ စွာဆင့်ဆိုသတိပေးသောပ္ဂိုလ်များဖြစ် ကြသည်။ အထူးသဖြင့်အခန်း (၁၈) တွင်ဖော် ပြသောဗာလပရောဖက်များနှင့်ယှဉ်ပြိုင် သည့်ဧလိယအကြောင်းမှာ မှတ်သားဖွယ် ဖြစ်ပေသည်။
အကြောင်းအရာအကျဉ်းချုပ်
ဒါဝိဒ်နန်းသက်အဆုံးပိုင်း ၁:၁-၂:၁၂
ရှောလမုန်နန်းတက်စိုးစံခြင်း ၂:၁၃-၄၆
ရှောလမုန်ဘုရင်အုပ်ချုပ်သည့်ခေတ် ၃:၁-၁၁:၄၃
(က) နန်းစံနှစ်ဦးပိုင်း ၃:၁-၄:၃၄
(ခ) ဗိမာန်တော်တည်ဆောက်ခြင်း ၅:၁-၈:၆၆
(ဂ) နန်းစံနှစ်နှောင်းပိုင်း ၉:၁-၁၁:၄၃
ကွဲပြားသွားသောနိုင်ငံများ ၁၂:၁-၂၂:၅၃
(က) မြောက်ပိုင်းအနွယ်များပုန်ကန်ခြင်း ၁၂:၁-၁၄:၂၀
(ခ) ယုဒနိုင်ငံနှင့်ဣသရေလနိုင်ငံများ၌ စိုးစံသောဘုရင်များ ၁၄:၂၁-၁၆:၃၄
(ဂ) ပရောဖက်ဧလိယ ၁၇:၁-၁၉:၂၁
(ဃ) ဣသရေလနိုင်ငံဘုရင်အာဟပ်မင်း ၂၀:၁-၂၂:၄၀
(င) ယုဒနိုင်ငံဘုရင်ယောရှဖတ်နှင့် ဣသရေလနိုင်ငံဘုရင်အာခဇိ ၂၂:၄၁-၅၃
1
ဒါဝိဒ်မင်းအိုမင်းမစွမ်းရှိချိန်
1 ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။- 2 သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။- 3 သူတို့သည်အဆင်းလှသည့်အမျိုးသမီး တစ်ဦးကို ဣသရေလပြည်တစ်လျှောက် လိုက်လံရှာဖွေကြရာရှုနင်မြို့သူအဘိ ရှက်ကိုတွေ့ရှိကြသဖြင့် မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။- 4 လွန်စွာအဆင်းလှသည့်ထိုအမျိုးသမီးသည် မင်းကြီးအပါးတော်တွင်လုပ်ကျွေးပြုစုသော် လည်း မင်းကြီးသည်သူနှင့်ကိုယ်လက်နှီးနှောမှု ကိုမပြုချေ။
ထီးနန်းကိုသိမ်းပိုက်ရန်အဒေါနိယကြိုးစားခြင်း
5-6 ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-✡ ၂ရာ၊ ၃:၄။ 7 သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။- 8 သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
9 တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။- 10 သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
ရှောလမုန်အားမင်းမြှောက်ခြင်း
11 ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-✡ ၂ရာ၊ ၁၂:၂၄။ 12 သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။- 13 သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။- 14 ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
15 ထို့ကြောင့်ဗာသရှေဘသည် မင်းကြီးအား ခစားရန်အဆောင်ထဲသို့ဝင်လေ၏။ မင်းကြီး သည်လွန်စွာအိုမင်းပြီဖြစ်၍ ရှုနင်မြို့သူ အဘိရှက်ကသူ့အားလုပ်ကျွေးပြုစုလျက် နေ၏။- 16 ဗာသရှေဘသည်မင်းကြီး၏ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လိုက်သောအခါမင်းကြီး က``သင်အဘယ်အရာကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
17 ဗာသရှေဘက``အရှင်မင်းကြီး၊ အရှင်သည် ကျွန်မ၏သားရှောလမုန်အားအရှင့်အရိုက် ရာကိုဆက်ခံ၍ နန်းတင်ရမည်ဟုအရှင်၏ ဘုရားသခင်ထာဝရဘုရားနာမတော်ကို တိုင်တည်၍ကျိန်ဆိုကတိပြုတော်မူခဲ့ပါ၏။- 18 သို့ရာတွင်ယခုအဒေါနိယသည်ဘုရင် ဖြစ်လျက်နေလေပြီ။ သို့သော်အရှင်ထို သတင်းကိုကြားသိတော်မမူသေးပါ။- 19 သူသည်နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ် များကိုယဇ်ပူဇော်ကာအရှင်၏သားတော် များ၊ ယဇ်ပုရောဟိတ်များနှင့်အရှင့်တပ်မ တော်ဗိုလ်ချုပ်ယွာဘတို့အားယဇ်ပူဇော်ပွဲ သို့ခေါ်ဖိတ်ပါ၏။ သို့ရာတွင်အရှင်၏ သားတော်ရှောလမုန်ကိုမူမခေါ်ဖိတ်ပါ။- 20 အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။- 21 အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
22 ယင်းသို့လျှောက်ထားနေချိန်၌ ပရောဖက် နာသန်ရောက်ရှိလာသဖြင့်၊- 23 ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊- 24 ``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။- 25 ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။- 26 သို့ရာတွင်အဒေါနိယသည်ကိုယ်တော်၏ အစေခံအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ဗေနာယနှင့်ရှောလမုန်တို့ကိုမခေါ် မဖိတ်ပါ။- 27 ဤအမှုအရာတို့ကိုအရှင်မင်းကြီးနှစ်သက် လက်ခံတော်မူပါသလော။ အရှင်၏အရိုက် အရာကိုမည်သူလက်ခံ၍နန်းတက်ရမည် ကိုမှူးမတ်တို့အားမဖော်မပြဘဲဤအမှု ကိုအရှင်မင်းကြီးစီရင်တော်မူပါသလော'' ဟုလျှောက်လေ၏။
28 ဒါဝိဒ်မင်းက``ဗာသရှေဘအား အခန်းထဲသို့ ပြန်၍ဝင်စေလော့'' ဟုဆိုလျှင် ဗာသရှေဘ သည်ဝင်လာ၍ရှေ့တော်တွင်ရပ်လျက်နေ၏။- 29 ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။- 30 ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
31 ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
32 ထို့နောက်ဒါဝိဒ်မင်းသည်ဇာဒုတ်၊ နာသန်နှင့် ဗေနာယတို့ကိုခေါ်စေတော်မူ၏။ သူတို့ ရောက်ရှိလာသောအခါ၊- 33 မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။- 34 ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။- 35 သူသည်ငါ၏ရာဇာပလ္လင်ပေါ်တွင်စံတော်မူရန် ဤအရပ်သို့ပြန်လာချိန်၌သင်တို့သည်လည်း သူ၏နောက်မှလိုက်ခဲ့ရကြမည်။ သူ့အားဣသ ရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင်အဖြစ် ငါရွေးချယ်တော်မူပြီ။ ထို့ကြောင့်သူသည်ငါ ၏အရိုက်အရာကိုဆက်ခံ၍နန်းတက်ရ မည်'' ဟုမိန့်တော်မူ၏။
36 ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။- 37 ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။
38 ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။- 39 ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။- 40 ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
41 အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။- 42 သူ၏စကားမဆုံးမီ၌ပင်ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်ရောက်ရှိလာသဖြင့် အဒေါနိယက``ဝင်ခဲ့လော့။ သင်သည်လူကောင်း တစ်ယောက်ဖြစ်၍သတင်းကောင်းကိုဆောင်ယူ လာသူဖြစ်ရပေမည်'' ဟုဆို၏။
43 ယောနသန်က``သတင်းကောင်းဖြစ်မည်မ ထင်ပါ။ အကျွန်ုပ်တို့အရှင်ဒါဝိဒ်မင်းသည် ရှောလမုန်အားမင်းမြှောက်လိုက်လေပြီ။- 44 မင်းကြီးသည်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့် ဘုရင့်ကိုယ်ရံတော်တပ်သားများအား ရှောလမုန် ကိုဘုရင်၏မြည်းတော်ပေါ်တွင်တင်၍ခေါ်ဆောင် သွားစေတော်မူပါ၏။- 45 ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။- 46 ရှောလမုန်သည်ယခုဘုရင်ဖြစ်လေပြီ။
47 မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊- 48 `ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
49 ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။- 50 အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ1 * ထောင့်စွယ်များ။ ဦးချိုနှင့်တူသောပလ္လင်၏ထောင့်လေး ထောင့်၌ရှိသောအစွယ်များ။ ထိုအစွယ် များကိုကိုင်ထားသူသည်သေဘေးမှ ကင်းလွတ်သည်။ ကိုဆုပ်ကိုင်ထားပြီးလျှင်၊- 51 ``ရှောလမုန်မင်းသည်ကျွန်တော်အားကွပ်မျက် တော်မူမည်မဟုတ်ဟု ဦးစွာကျိန်ဆိုမိန့်မြွက် တော်မူပါစေ'' ဟုဆို၏။ ဤအချင်းအရာ ကိုရှောလမုန်မင်းအားလျှောက်ထားကြ၏။- 52 ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။- 53 ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။