5
ရုဗင်၏သားမြေးများ
1 ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-✡ က၊ ၃၅:၂၂၊ ၄၉:၃-၄။ 2 ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-✡ က၊ ၄၉:၈-၁၀။ 3 ယာကုပ်၏သားဦးဖြစ်သူရုဗင်တွင်ဟာ နုတ်၊ ဖာလု၊ ဟေဇရုံနှင့်ကာမိဟူ၍သား လေးယောက်ရှိ၏။-
4-6 အဖနှင့်သားနာမည်များအစဉ်အလိုက် အတိုင်း ယောလ၏သားမြေးစာရင်းမှာရှေ မာယ၊ ဂေါဂ၊ ရှေမိ၊ မိက္ခ၊ ရာယ၊ ဗာလနှင့် ဗေရာဟူ၍ဖြစ်၏။ အာရှုရိပြည်ကိုအစိုး ရသောဧကရာဇ်ဘုရင်တိဂလတ်ပိလေ သာသည် အနွယ်ခေါင်းဆောင်ဗေရာကို ဖမ်းဆီး၍ပြည်နှင်ဒဏ်ပေးလေသည်။✡ ၄ရာ၊ ၁၅:၂၉။
7 အိမ်ထောင်စုမှတ်တမ်းများအရရုဗင် အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ မှာ ယေယေလ၊ ဇာခရိနှင့်၊- 8 ဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။- 9 ဂိလဒ်ပြည်တွင်သူတို့၏သိုးအုပ်၊ နွားအုပ် ကြီးများပွားများ၍လာသဖြင့် သူတို့၏ နယ်မြေသည်အရှေ့ဘက်သဲကန္တာရအဆုံး ဥဖရတ်မြစ်သို့တိုင်အောင်ကျယ်ပြန့်၏။
10 ရှောလုမင်းလက်ထက်၌ရုဗင်အနွယ်ဝင် တို့သည် ဟာဂရအမျိုးသားတို့ကိုတိုက် ခိုက်သတ်ဖြတ်ကာ ဂိလဒ်ပြည်အရှေ့ဘက် ပိုင်းကိုသိမ်းယူလေသည်။
ဂဒ်၏သားမြေးများ
11 ဂဒ်အနွယ်ဝင်တို့သည်ရုဗင်အနွယ်ဝင်တို့ နေထိုင်ရာအရပ်၏ မြောက်ဘက်ရှိဗာရှန် ပြည်တွင်နေထိုင်ကြ၏။ သူတို့၏ဒေသ သည်သလကာမြို့တိုင်အောင်ကျယ်ပြန့်၏။- 12 ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။- 13 အခြားအနွယ်ဝင်တို့သည်အောက်ပါသား ချင်းစုများဖြစ်ကြသောမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာနှင့်ယေဗာ တို့တွင်ပါဝင်ကြ၏။- 14 သူတို့သည်ဟုရိ၏သားအဘိဟဲလမှ ဆင်းသက်လာသူများဖြစ်ပေသည်။ အဘိ ဟဲလ၏ဘိုးဘေးများမှာဟုရိ၊ ယာရော်၊ ဂိလဒ်၊ မိက္ခေလ၊ ယေရှိရှဲ၊ ယာဒေါ၊ ဗုဇာဟိ တို့ဖြစ်သတည်း။- 15 အာဗဒျေလ၏သားဂုနိ၏မြေးအာဟိ သည် ထိုသားချင်းစုတို့၏ဦးစီးခေါင်း ဆောင်ဖြစ်သည်။- 16 သူတို့သည်ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်ရှိ မြို့များတွင်လည်းကောင်း၊ ရှာရုန်မြက်ခင်း များတစ်လျှောက်တွင်လည်းကောင်းနေထိုင် ကြ၏။- 17 (ဤစာရင်းမှတ်တမ်းများမှာယုဒဘုရင် ယောသံမင်းနှင့် ဣသရေလဘုရင်ယေရော ဗောင်မင်းတို့၏လက်ထက်၌ပြုစုရေးသား သောမှတ်တမ်းများဖြစ်သတည်း။)
အရှေ့ပိုင်းအနွယ်တို့၏စစ်တပ်များ
18 ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။- 19 သူတို့သည်ဟာဂရအနွယ်များဖြစ်ကြ သောယေတုရ၊ နာဖိရှ၊ နောဒပ်သားချင်းစု တို့နှင့်စစ်တိုက်ကြ၏။- 20 ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။- 21 သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။- 22 ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
အရှေ့ပိုင်းမနာရှေမှလူများ
23 အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။- 24 သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။
အရှေ့ပိုင်းအနွယ်တို့ပြည်နှင်ဒဏ်ခံရခြင်း
25 သို့ရာတွင်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားကိုသစ္စာဖောက်ကြ၏။ သူတို့ သည်မိမိတို့၏တိုင်းပြည်မှဘုရားသခင် နှင်ထုတ်ထားတော်မူသောသူတို့၏ဘုရား ကိုကိုးကွယ်ဝတ်ပြုရန်ကိုယ်တော်ကိုစွန့် ပစ်ကြ၏။- 26 သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။✡ ၄ရာ၊ ၁၅:၁၉၊ ၂၉၊ ၁၇:၆။